International News

ဝုလင် အသေးစားလျှပ်စစ်ယာဉ်များကို စံချိန်တင်ရောင်းချနိုင်လာ

Last Updated:

၂၀၂၁ ခုနှစ်အတွင်း SAIC-GM-Wuling က အသေးစားလျှပ်စစ်ယာဉ်အစီးရေ (၄၅၂,၀၀၀) စီးကို ရောင်းချခဲ့ရရာ ၂၀၂၀ ပြည့်နှစ်က ထက် (၁၆၀) ရာခိုင်နှုန်း ပိုမိုလာခဲ့ကြောင်းနှင့် တရုတ်နိုင်ငံ၌ ရောင်းချနေရသည့် အသေးစားလျှပ်စစ်ယာဉ် (၂) စီးလျှင် (၁) စီးမှာ ဝုလင်မှဖြစ်ကြောင်း သိရပါသည်။

ဝုလင် အသေးစားလျှပ်စစ်ယာဉ်များအနက် လူကြိုက်အများဆုံးမှာ Hongguang MINI EV ဖြစ်ပြီး၊ (၁၆) လဆက်တိုက် လူကြိုက် အများဆုံးမော်ဒယ်လ်အဖြစ် ရပ်တည်နေပါသည်။ ၂၀၂၁ ခုနှစ်ကုန်တွင် အစီးရေစုစုပေါင်း (၅၅၀,၀၀၀) ကို ရောင်းချထားပြီးဖြစ်ပါ သည်။

စွမ်းအင်အသစ်သုံး ယာဉ်များအတွက် တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဈေးကွက်ကြီးဖြစ်ပြီး၊ လျှပ်စစ်ကားများနှင့် plug-in hybrids ယာဉ်များလည်း ပါဝင်ပါသည်။

၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံတစ်ဝှမ်း၌ စွမ်းအင်အသစ်သုံးယာဉ်အစီးရေ (၃.၅၂) သန်းကို ရောင်းချခဲ့ရပြီး၊ ၂၀၂၀ ပြည့်နှစ်က ထက် (၁၆၀) ရာခိုင်နှုန်း ပိုမိုခဲ့ကာ၊ (၇)နှစ်ဆက်တိုက် ကမ္ဘာပေါ်တွင် ထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်နေကြောင်း တရုတ်စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ chinadaily (၁၇-၁-၂၀၂၂)

Category: International News